Delivery Company အတွက် အလွန်အသုံးဝင်တဲ့ Logistic app အကြောင်းလေးပြောပြပေးပါရစေ။

Order Management
အော်ဒါချပေးတာကနေစပြီး အော်ဒါတွေကို တာဝန်ခွဲဝေပေးခြင်း၊ ပို့ဆောင်နေစဉ် အချိန်နဲ့ တပြေးညီစောင့်ကြည်ခြင်း၊ Report ထုတ်ပေးခြင်းများကို လုပ်ဆောင်နိုင်ပါမယ်။
Route Planning
လမ်းကြောင်းတွေကို အစီအစဉ်ဆွဲထားလို့ ရပါတယ်။
Route control
ဒီ function မှာတော့ အော်ဒါ ပြီးဆုံးတဲ့အကြောင်း၊ရွေးထားတဲ့လမ်းကြောင်းရဲ့ အချက်အလက်တွေ၊အော်ဒါရဲ့ နေရာတွေကို သိရှိနိုင်မှာပါ။
Chat
ဒီ function မှာတော့ ပြောချင်တဲ့ driver ကိုရွေးချယ်ပြီး စကားပြောလို့ရပါမယ်။
Mobile Version
Delivery သမားတွေပါ အသုံးပြုနိုင်တဲ့ mobile version ရှိပါသေးတယ်။ အော်ဒါအကြောင်းအရာကိုမြေပုံမှာထောက်ပြီး အမြန်ဆုံးပေးပို့နိုင်ပါမယ်။ သွားပို့ရမယ့်နေရာရဲ့ အကွာအဝေးနဲ့ ပို့ဆောင်နေတဲ့ process တွေကို သိရှိနိုင်ပါတယ်။ Delivery သမားကို အချိန်နဲ့ တပြေးညီ order confirmed ဖြစ်မဖြစ် နဲ့ ဖျက်သိမ်းသွားတာတွေကို သတိပေးနိုင်ပါမယ်။ ဓာတ်ပုံရိုက်ပြီး ပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ဝေမျှနိုင်ပါတယ်။ Client နဲ့ တိုက်ရိုက်စကားပြောလို့ရပါမယ်။

NETPRO ရဲ့ Logistic App နဲ့ဆိုရင် မိတ်ဆွေတို့ရဲ့ Delivery လုပ်ငန်းကို ပိုပြီးတိကျသွက်လက်မြန်ဆန်စေမှာအမှန်ပါပဲခင်ဗျ။မိတ်ဆွေတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် ရုံးချိန်အတွင်းဖြစ်ရင် အမြန်ဆုံး ဆက်သွယ်ဆွေးနွေးပေးသွားမှာပါ။