Intelligent Alerts

Intelligent Alerts ဆိုတာကတော့ မိမိသတ်မှတ်ထားသော Events များဖြစ်ပေါ်လာလျှင် အလိုအလျောက်အချက်ပေးနိုင်ခြင်းကိုဆိုလိုပါတယ်။ဉပမာ…ယာဉ်များကို ရန်ကုန်တိုင်းအတွင်းပဲမောင်းစေချင်တယ်။ ရန်ကုန်တိုင်းဧရိယာကျော်တာနဲ့ အချက်ပေးစေချင်ရင် သုံးနိုင်တယ်။ နောက်ပြီး စက်နှိုးတာ၊ ယာဉ်မတော်တဆမှုဖြစ်တာ၊ သတ်မှတ်မိုင်နှုန်းထက်ကျော်မောင်းတာ…စတဲ့ Events တွေကို Monitoring System, SMS, Phone Call တို့မှတဆင့် ချက်ချင်း အချက်ပေးနိုင်ပါတယ်။