weather sensor | NETPRO GPS SOLUTIONS

ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် မိုးလေဝသ Data ဟာအရမ်းအရေးကြီးပါတယ်။ ဒီ Data တိကျရင် တိကျသလို စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ဖို့ အများကြီးအထောက်အကူပေးပါတယ်။

ကျွန်တော်တို့ Company ဟာ Agriculture ယာဉ်တွေအတွက် Telematics စနစ်တပ်ဆင်ပြီး ကုန်ကျစရိတ်တွေကို လျော့ချပေးတာ၊ ထွန်ယက်ခဲ့တဲ့ဧကကိုသိအောင်လုပ်ပေးတာ၊ လောင်စာဆီအသုံးအစွဲကို သိအောင်လုပ်ပေးခဲ့တာ ၃ နှစ်ကျော်လာပါပြီ။

အခု ကျွန်တော်တို့ Company ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ဖို့အတွက် ရုရှားနိုင်ငံထုတ် ကမ္ဘာ့မိုးလေဝသဌာနများအသိအမှတ်ပြု Weather Station ကိုမိတ်ဆက်ပေးပါစေ။

စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူပေးမယ့်

👉 Air Temperature (လေထုအပူချိန်)
👉 Relative Humidity (လေထုစိုထိုင်းဆ)
👉 Air Flow Velocity (လေတိုက်နှုန်း)
👉 The direction of Air Flow (လေလာရာလမ်းကြောင်း)
👉 Atmospheric Pressure (လေထုဖိအား)
👉 Rain Fall (မိုးရေချိန်)
👉 Ultraviolet Solar Radiation (ခရမ်းလွန်ရောင်ခြည် ညွန်းကိန်း)
စတာတွေကို အချိန်နဲ့တပြေးညီတိုင်းနိုင်မယ့်အပြင်

👌 စိုက်ပျိုးမြေရဲ့ အပူချိန်
👌 စိုက်ပျိုးမြေရဲ့ စိုထိုင်းဆ
👌 စိုက်ပျိုးပင်ရဲ့ ရေစိုဆွတ်မှုအခြေအနေ
တွေကိုပါတိုင်းတာနိုင်ပါတယ်။

ဒီလိုတိုင်းတာပြီးရလာတဲ့ Data အခြေအနေပေါ်မူတည်ပြီး ရေအလိုအလျောက်ဖြန်းအောင်၊ ပိုးသတ်ဆေး၊ မှိုဆေးအလိုအလျောက်ဖြန်းအောင် အခြား Sensor များဖြင့်တွဲဖက်ပြီး Smart Agriculture အဖြစ်အသုံးပြုနိုင်ပါသေးတယ်။

ဒါ့အပြင် မိုးလေဝသခန့်မှန်းချက်ကို 3 ရက်အထိ 95% မှန်ကန်စွာကြိုတင်ခန့်မှန်းနိုင်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းအသုံးစရိတ်ကိုများစွာလျော့ချပေးနိုင်ပါတယ်။

အမှန်တကယ်လိုအပ်သူများအတွက် အရောင်း/အငှား/အကျိုးတူ စိတ်ကြိုက်ဆောင်ရွက်ပေးနိုင်ပါတယ်။ စမ်းသပ်သုံးစွဲချင်သူများလည်း တစ်လ အခမဲ့ပေးစမ်းနိုင်ပါတယ်။

NETPRO MYANMAR Co.,Ltd
☎️ 09448009449
ကိုဆက်သွယ်လိုက်ပါ ခင်ဗျာ…