what_is_fleet_management_system | NETPROGPS Solutions

Fleet Management Systems ဆိုတာ

Fleet ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ရင် company တစ်ခုအောက်မှာ တူညီတဲ့လုပ်ငန်းတစ်ခုကို အတူတကွဆောင်ရွက်တဲ့ ယာဉ်အုပ်စုကိုဆိုလိုပါတယ်။ (ဥပမာ-CB Bank ရဲ့ ယာဉ်အားလုံး)

Management ကတော့လူတိုင်းသိပြီးသားပါ။ စီမံခန့်ခွဲမှုပါ။ မြန်မာအခေါ် မော်တော်ယာဉ်မှူး(Fleet Manager)က Company ရဲ့ လုပ်ငန်းလိုအပ်ချက်နဲ့အညီ ယာဉ်အုပ်စုကို စီမံခန့်ခွဲရပါတယ်။ Fleet Manager တော်ရင်တော်သလို Company ရဲ့ Expense တွေသက်သာနိုင်ပါတယ်။

Fleet Manager တစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေက

👉 လုပ်ငန်းနဲ့ကိုက်ညီတဲ့ယာဉ်ဝယ်ယူဖို့နဲ့ သက်တမ်းကြာကြာသုံးရဖို့ ပြုပြင်ထိန်းသိမ်းဖို့
👉 လိုအပ်တဲ့ယာဉ်ကို အငှားသုံးမလား၊ ဝယ်မလားဆုံးဖြတ်ဖို့
👉 အရည်အချင်းပြည့်တဲ့ Drivers တွေခန့်အပ်ရာမှာ ကူညီဖို့
👉 Driver တွေကို Performance ကိုမြှင့်တင်ဖို့
👉 ယာဉ်အားလုံးနဲ့ ယာဉ်မောင်းအားလုံးရဲ့ လိုင်စင်သက်တမ်းတွေကို မှတ်တမ်းထားဖို့နဲ့ အချိန်မှီလိုင်စင်ဝင်နိုင်အောင် စီမံခန့်ခွဲဖို့
👉 အသုံးစရိတ်လျော့ချနိုင်တဲ့ နည်းလမ်းများကို ရှာဖွေဖို့
👉 လောင်စာဆီ အလေအလွင့်မဖြစ်အောင် စီမံဖို့
👉 ယာဉ်ကြံ့ခိုင်မှုအတွက် အချိန်မှန်မှန် Service & Inspection ဝင်ဖို့နဲ့ မှတ်တမ်းထားဖို့
👉 Service Maintenance ဝင်တဲ့အခါ Downtime အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲဖို့
👉 Driver တွေရဲ့ မောင်းနှင်ပုံ(Driving Behavior) ကိုစောင့်ကြည့်အကဲဖြတ်ပြီး ဆုပေး၊ ဒဏ်ပေးလုပ်ဖို့
စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဒီလိုတာဝန်တွေကို လူနဲ့သာလုပ်ရရင် တော်တော်ကသောင်းကနင်းနိုင်ပါလိမ့်မယ်။ လူအင်အားလည်းပိုလိုပါလိမ့်မယ်။ Fleet Management Systems နဲ့သာဆိုရင် လူအင်အားလျော့လို့ရတဲ့အပြင် ပိုမိုတိကျပြီး စရိတ်လျော့ချနိုင်ပါလိမ့်မယ်။
🤝🤝🤝🤝🤝
ဒီလို Systems ကောင်းမျိုးလိုချင်ရင် NETPRO GPS Solutions ကို ဆက်သွယ်ပါ။
NETPRO MYANMAR Co.,Ltd
☎️ 09677779998
☎️ 018391758
ကိုဆက်သွယ်လိုက်ပါ ခင်ဗျာ…