What is Telematics | NETPRO GPS Solutions

မြန်မာပြည်မှာတော့ GPS Tracking လို့ပဲ လူသိများပါတယ်။ နိုင်ငံတကာအခေါ်ကတော့ Telematics ပါ။ Tele နဲ့ Informatics ကိုပေါင်းထားတာပါ။ Tele ရဲ့အဓိပ္ပါယ်က အဝေးတစ်နေရာကလို့ အဓိပ္ပါယ်ထွက်တယ်။ Informatics ကတော့ Information ပါ။ နှစ်ခုပေါင်းတော့ Tele+matics= Telematics အဝေးတစ်နေရာက ယာဉ်၊ စက်ယန္တယား၊ မီးစက်နဲ့ တစ်ခြားကိုယ်သိချင်သမျှစက်တွေရဲ့ Running Status information တွေကိုရယူချင်ရင် Telematics ကိုသုံးရပါတယ်။

GPS ဆိုတာက Telematics ရဲ့ခေါင်းစဥ်အောက်က အစိတ်အပိုင်းတစ်ခုအနေနဲ့သာရှိပြီး တပ်ဆင်ထားတဲ့ object ရဲ့ တည်နေရာကိုပြပေးနိုင်တဲ့ Feature တစ်ခုသာလျှင်ဖြစ်တယ်။

Telematics ရဲ့ Main Functions တွေက

👉Productivity(လုပ်ငန်းစွမ်းဆောင်ရည်မြှင့်ဖို့နဲ့ အချိန်သက်သာဖို့)
👉Safety(အသက်အန္တရာယ်လုံခြုံမှုရှိဖို့)
👉Fleet Optimization(ယာဉ်တွေအားလုံးကို အကျိုးရှိရှိအသုံးပြုနိုင်ဖို့(waste မဖြစ်ဖို့))
👉Compliance(အစိုးရနဲ့ ISO ရဲ့ ထုတ်ပြန်ထားတဲ့ကန့်သတ်ချက်တွေကိုလိုက်နာစေဖို့)
👉Expand-ability(မိမိရုံးရဲ့ အသုံးပြုနေတဲ့ ERP ကဲ့သို့သောစနစ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့)
ဖြစ်ဖို့လိုပါတယ်။

Telematics တပ်ဆင်ထားပြီး အပေါ်ကပြောထားတဲ့အချက်တွေရအောင် မဆောင်ရွက်နိုင်ရင် အလကားပါပဲ။ မြန်မာပြည်မှာတော့ အမှန်တကယ် Monitoring မလုပ်ပဲ ခြိမ်းခြောက်ရုံသက်သက်ပဲ တပ်ဆင်ကြတာများပါတယ်။

NETPRO MYANMAR Co.,Ltd
☎️ 09677779998
☎️ 018391758
ကိုဆက်သွယ်လိုက်ပါ ခင်ဗျာ…